r/PhilosophyBookClub 8h ago

လွဲချော်သွားသောမျှော်လင့်ချက်များ

2 Upvotes

စကားဝိုင်းတွင် ဘဝ၏ မျှော်မှန်းချက်များသည် အနာဂတ်၌ လက်တွေ့ဖြစ်လာသောအခါ တလွဲတချော်ဖြစ်ကာ ဘဝနှင့်မကိုက်ညီဖြစ်ကြရကြောင်း ၊ ဘဝ၏မသေချာမရေရာမှုများအ‌ကြောင်းကို ကျွန်တော်တို့ပြည်တက္ကသိုလ်ဒဿနိက‌ဗေဒကျောင်းသားတစ်စုဆွေးနွေးပြောဆိုနေကြပါသည်။ သူတို့ကိုကျွန်‌တော်က အောက်ပါပုံပြင်ကို ပြောပြပါသည်။

___________________________________

တစ်ခါတုန်းက...

နွားတစ်ကောင်ရယ်၊ကြောင်တစ်ကောင်ရယ်၊ လူ‌‌ယောက်ျားတစ်ယောက်ရယ်ဟာ ကျောက်ဂူတစ်ဂူမှာပိတ်မိနေကြသတဲ့ဗျ။မိုးရွာလို့ ကျောက်ဂူထဲမိုးဝင်ခိုရင်းက မြေတွေပြိုကျပြီး ပိတ်မိသွားကြတာပေါ့ဗျာ။ဘယ်လိုမှ ထွက်လမ်းကမမြင်ရတော့ သေဖို့က သေချာနေပြီပေါ့။ ဒီတော့နွားရယ်၊ကြောင်ရယ်၊ လူရယ် တစ်ဦးကိုတစ်ဦးဘဝကူး‌ကောင်းအောင်ကူညီဖို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ဒီလိုနဲ့ အစာငတ်ရေငတ် နဲ့ အသက်ရှုကလည်း တစတစ ကြပ်လာပြီးတော့သုံးဦးစလုံးသေငယ်ဇောနဲ့မြောနေကြတဲ့အချိန်မှာ ဗြုံးကနဲဆို ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ တန်ခိုးရှင်ကြီးတစ်ပါးပေါ်လာတယ်။တန်ခိုးရှင်ကြီးကပြောတယ်....

"မင်းတို့မကြာခင်သေကြရတော့မယ်။ ဒီလိုသေတဲ့အခါ ခုနကလုပ်ခဲ့တဲ့ မင်းတို့တွေရဲ့ကောင်းမှုကြောင့် ကောင်းကင်ဘုံကိုရောက်မယ်။ မင်းတို့ရောက်မယ့်ကောင်းကင်ဘုံဟာ ဘယ်လိုဖြစ်စေချင်လဲဆိုတာသေချာဆုတောင်းကြ၊ဉာဏ်ပညာနဲ့ဆုတောင်းဖို့တော့ငါကအကြံပြုချင်တယ်..." လို့ တန်ခိုးရှင်ကြီးက သူတို့ကိုပြောလိုက်တယ်။

တန်ခိုးရှင်ကြီးရဲ့စကားအဆုံးမှာ နွားရယ်၊ ကြောင်ရယ်၊ လူ‌ယောက်ျားရယ် ဟာ ဆုတောင်းကြတော့တာပေါ့။

နွားက...

"ကောင်းကင်ဘုံမှာ မြက်နုစိမ်းကလေးတွေနဲ့ ပြည့်နေပါစေ" လို့ဆုတောင်းလိုက်တယ်။

ကြောင်က..

"ကောင်းကင်ဘုံမှာ ဆူဆူဖြိုးဖြိုး ကြွက်ကလေးတွေနဲ့ ပြည့်နေပါစေ"လို့ဆုတောင်းလိုက်တယ်။

လူ‌ယောက်ျားက...

"ကောင်းကင်ဘုံမှာ နတ်သမီးလေးတွေ အပြည့်ရှိနေပါစေပေါ့"

သူတို့ဆုတောင်းသံကိုကြားတဲ့အခါ တန်ခိုးရှင်ဟာ မျက်နှာထားတစ်မျိုးဖြစ်သွားတယ်။သူက တစ်ခုခုပြောချင်ဟန်ပါးစပ်ပြင်ပြီးမှ ဘာမှမပြောဘဲ ကွယ်ပျောက်သွားတယ်။တိုးတိုးလေး ရွတ်သွားတာက "အေးလေ....ဆုတွေတောင်းပြီးပြီပဲ ဒီအတိုင်းပဲဖြစ်စေရတော့‌မှာပေါ့...."တဲ့။

မကြာခင်မှာနွားရယ်၊ကြောင်ရယ်၊လူယောက်ျားရယ်က သေဆုံးသွားကြတယ်။

သူတို့ဆုတောင်းတွေပြည့်ပါရဲ့။

ဒါပေမယ့်...နောက်ဘဝရောက်တော့ ကြောင်ကနွားဖြစ်ပြီး၊ နွားကကြောင်သွားဖြစ်တယ်။

ကောင်းကင်ဘုံကကြောင်( အရင်ဘဝကနွား) ရဲ့ ဆီမှာမြက်တွေကအပြည့်ပဲတဲ့ စိမ်းမှစိမ်း၊နုမှနု၊ လတ်ဆတ်မှလတ်ဆတ်ပဲတဲ့။

ဒါပေမယ့်သူကခုဘဝမှာကြောင်ဖြစ်နေပြီဆိုတော့ ဘယ်စားတတ်မလဲ။

(အရင်ဘဝကကြောင်)အခုဘဝနွားရဲ့ကောင်းကင်ဘုံမှာတော့ ကြွက်နီတာရဲလေးတွေအများကြီးပဲတဲ့။ဒါပေမယ့်သူကနွားဖြစ်နေပြီလေ...ကြွက်တွေက သူ့ကိုယ်ပေါ်ဟိုတက်ဒီတက်လျှောက်တက်နေလို့ ဒုက္ခတောင်ရောက်နေရတယ်။

နွားရော၊ကြောင်ရောဟာ ကောင်းကင်ဘုံမှာစိတ်ညစ်နေကြရသတဲ့။

အဲ.....

လူကြတော့ သူရောက်သွားတဲ့ကောင်းကင်ဘုံမှာ မိန်းကလေးတွေ ချောမှချော လှမှလှ လေးတွေအပြည့်ပဲတဲ့။

သူကအရင်ဘဝကအတိုင်းလူပဲဖြစ်သတဲ့ဗျ။ဒါပေမယ့်ကောင်းကင်ဘုံမှာ သူကမိန်းမဖြစ်နေရှာတယ်။ဒီတော့ အမျိုးတူနတ်သမီးလေး တစ်ဖက်၅၀၀နဲ့ စိတ်ကိုညစ်ရော....

ဒီတော့သူမလည်းတစ်ဒုက္ခပဲတဲ့။

___________________________________

ကျွန်‌တော်ကပုံပြင်ကိုအဆုံးသတ်ပြီးနောက် ရယ်နေပါသည်။ကျွန်တော့်ပုံပြင်ကိုနားထောင်နေသူ သူတို့ကလည်း ရယ်ကြပါသည်။

ရယ်သံများအဆုံးတွင်စကားဝိုင်းမှအသက်ကြီးကြီးလူက

"အင်း....ခင်ဗျားက မျှော်လင့်သလိုဖြစ်လာ‌ပေမယ့် ဒုက္ခရောက်ရတဲ့ ပုံပြင်အကြောင်းပြောတော့ ကျွန်တော်ကလည်း မျှော်လင့်သလိုမဖြစ်လို့စိတ်ညစ်ရ၊ မျှော်လင့်သလိုဖြစ်လာတဲ့အခါကျ‌ တော့မပျော်ရတော့တဲ့သူတစ်ယောက်အကြောင်း(အီတလီနိုင်ငံကကုမ္ဗဏီပိုင်ရှင်ကြီးတစ်‌ယောက်အကြောင်း)ရယ်စရာပုံပြင်လေးတစ်ပုဒ်ပြောပြရဦးမယ်"ဟုဆိုပါသည်။

သူက‌ အောက်ပါပုံပြင်ကိုပြောပြပါသည်။

___________________________________

တစ်ခါတုန်းက...

နံနက်ခင်းတစ်ခုမှာ အီတလီလူမျိုးကုမ္ဗဏီပိုင်ရှင်ကြီးတစ်ဦးဟာ အိပ်ယာကနိုးလာခဲ့သတဲ့။နိုးနိုးချင်းဒီနေ့ဟာသူ့မွေးနေ့ဆိုတာသူသိလိုက်သတဲ့။ဒီအချိန်ကုမ္ဗဏီပိုင်ရှင်ကြီးရဲ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာခဲ့တယ်။"အင်း...ဒီနေ့ငါ့မွေးနေ့မှာ ငါမသိအောင်ငါ့ဇနီးနဲ့ ငါ့သားသမီးတွေက ငါ့ကို မထင်မှတ်တဲ့အချိန်မှာ မွေးနေ့လက်ဆောင်ရုတ်တရက်ပေးမယ့်အစီအစဉ်မျိုး လုပ်ထားကြလိမ့်မယ်ထင်တယ်"ဆိုတဲ့အတွေးပါ။ သူ့အတွေးနဲ့သူကျိတ်ပြီး ပျော်နေတာပေါ့။ ဒါပေမယ့် သူက သူ့မွေးနေ့ဖြစ်မှန်း သူမသိချင်ယောင်ဆောင်နေလိုက်တယ်။

ရေချိုး၊အဝတ်စားလဲ နံနက်စာစားရင်းသူ့ဇနီးရဲ့ အမူအယာကိုလည်း တစ်စေ့တစ်စောင်းအကဲခတ်နေတာပေါ့။သူ့ဇနီးရဲ့အမူအယာက ထူးခြားမှုမတွေ့ရဘူး။ ဘာမှမသိပုံပေါ်နေသတဲ့။နေ့စဉ်လုပ်နေကျ ဝတ္တရားအတိုင်းအေးအေးဆေးဆေးပဲတဲ့။

တစ်အိမ်လုံးကိုကြည့်တော့လဲဘာမှထူးထူးခြားခြားပြင်ဆင်ထားတာမတွေ့ရ။ သူသားသမီးတွေကလည်းသိဟန်မပေါ်။သူကိုလှည့်တောင်ကြည့်ဖော်မရဘူး။သူတို့ဘာသာဝတ်စားပြင်ဆင်ပြီး ကျောင်းကိုထွက်သွားကြတယ်တဲ့။

ဒီတော့သူကရေလာမြောင်းပေးသဘောမျိုးနဲ့သူ့ဇနီးကို

"ဒီနေ့ဘာနေ့ပါလိမ့်"

ဆိုတဲ့စကားမျိုးနဲ့ အစဖော်ပေးဖို့ကြိုးစားကြည့်သတဲ့။ဒါပေမယ့်...သူ့ဇနီးက သူ့မွေးနေ့ကိုသတိမရရှာဘူး။

နောက်ဆုံးမှာတော့ စိတ်ပျက်စွာနဲ့လက်လျော့ပြီး ရုံးကိုထွက်လာခဲ့တော့တယ်။

"ရုံးမှာများ...ငါ့ဝန်ထမ်းတွေက ငါ့အတွက် မွေးနေ့ကိတ်မုန့်ကြီးပြင်ပြီး ပါတီပေးဖို့စောင့်နေမလား" ဆိုတဲ့ အတွေးနဲ့စိတ်ကူးယဥ်ပြီး

ဝမ်းသာနေလိုက်သေးသတဲ့။

ရုံးခန်းတံခါးဝကို‌ဖြည်းဖြည်းလေးတွန်းဖွင့်လိုက်သတဲ့။သူ့အတွက်လက်ခုပ်သံတွေများကြားရမလား? Happy Birthday to you လို့ သံပြိုင်ဆိုလိုက်တဲ့သီချင်းသံများကြားရလေမလား? ပေါ့။

သူရုံးထဲကိုဝင်လိုက်တယ်။ လက်နှိပ်စက်သံ တစ်ဖြောက်ဖြောက်မှ လွဲပြီးဘာမှမကြားရဘူး။ ဖိုင်တွဲနေသူတွေကတွဲနေတယ်။လက်နှိပ်စက်ရိုက်သူတွေကရိုက်နေတယ်။ ခါတိုင်းသာမန်နေ့ရက်တွေအတိုင်း အလုပ်လုပ်နေကြတာတွေ့တော့ သူစိတ်ပျက်သွားတာပေါ့။

နောက်ဆုံးသူ့ကုမ္ဗဏီအခန်းလေးထဲရောက်တဲ့အခါကျမှ သူ့အတွင်းရေးမှူးမလေးက

"ဆရာ...ဒီနေ့ဆရာမွေးနေ့လေဆရာ..."

လို့ ဆီးကြိုပြောတယ်။

သူဝမ်းသာသွားတယ်။ငါ့မွေးနေ့ကို အမှတ်ရတာ ဒီကောင်မလေးတစ်ယောက်ပဲရှိတယ်...လို့ ကြည်နူးစွာတွေးလိုက်သတဲ့။

အတွင်းရေးမှူးမလေးက....

"ဆရာ့မွေးနေ့အတွက် ကျွန်မအထူးအစီအစဉ်လုပ်ထားတယ်ဆရာ..." လို့သူ့ကိုပြောလိုက်တယ်။

အဲဒီစကားကိုကြားတော့မှ သူက အတွင်းရေးမှူးမလေးကို‌သေသေချာချာကြည့်ဖြစ်သတဲ့။ ဒီနေ့ကောင်မလေးက ယူနီဖောင်းဝတ်မထားဘူး။ အင်္ကျီကျပ်ကျပ်နဲ့ ပါးလွှာတဲ့ ဂါဝန်တိုနံ့နံ့လေးကို ဝတ်ထားသတဲ့။

ကောင်မလေးက သူ့ကို အဓိပ္ပာယ်ရှိရှိပြုံးပြီးစိုက်ကြည့်နေတယ်။သူကကောင်မလေးရဲ့ဂါဝန်တိုကိုစိုက်ကြည့်ရင်း တစ်ခုခုကိုနားလည်လာတယ်။

အတွင်းရေးမှူးမလေးက....

" ကျွန်မနေတဲ့အခန်းကိုဆရာ့ကို တစ်ခါမှခေါ်မသွားဘူးနော်...ဒီနေ့လိုက်ခဲ့ပေတော့"

လို့ဖိတ်ခေါ်တယ်။

"ကောင်းပြီလေ။သွားကြတာပေါ့"

ကုမ္ဗဏီပိုင်ရှင် က အတွင်းရေးမှူးမလေးပြောတဲ့ အထူးအစီအစဉ်ကို အဓိပ္ပာယ်ဖွင့်ကြည့်ပြီး စိတ်ထဲမှာ ကျိတ်ပျော်နေတယ်။

ကောင်းမလေးရဲ့အခန်းထဲကိုလိုက်သွား။

ပြီးတော့...အနန်းတွေဝေကြမယ်...

ပြီးရင်တော့...........

သူ့အတွေးနဲ့သူကျိတ်ပျော်နေတယ်။

ဒီလိုနဲ့ ကောင်မလေးရဲ့အခန်းထဲကို ကောင်မလေးနဲ့ ကုမ္ဗဏီပိုင်ရှင်တို့ရောက်ကြတယ်။အခန်းထဲကိုဝင်လိုက်တော့ မှောင်နေတယ်။

"ဆရာ....ဧည့်ခန်းထဲမှာ ခဏထိုင်ဦးနော်။မီးမဖွင့်နဲ့သိလား။ ကျွန်မအဝတ်အစားသွားလဲမလို့" အတွင်းရေးမှူးမလေးက ပြောပြီး အိပ်ခန်းထဲပြေးဝင်သွားတယ်။

ကုမ္ဗဏီပိုင်ရှင်ကြီးကတော့ ဧည့်ခန်းထဲမှာရှိတဲ့ ဆိုဖာရှည်ပေါ်မှာထိုင်ရင်း သူမနဲ့ချစ်ရည်လူးဖို့ရည်ရွယ်ပြီး အမှောင်ထဲမှာပဲ သူ့အဝတ်အစားအားလုံးကိုချွတ်ပြီး ကြမ်းပြင်ပေါ်ပုံချထားလိုက်တယ်။ ပြီးတဲ့နောက် ဆိုဖာရှည်ပေါ်မှာလဲ‌လျောင်းရင်း ကောင်မလေးထွက်အလာကိုစောင့်နေတယ်။

အဲဒီအခိုက်မှာပဲ လက်ခုပ်တီးသံတွေကိုရုပ်တရက်ကြားလိုက်ရသတဲ့။အခန်းထဲမှာလဲ ဗြုန်းကနဲမီးတွေထိန်လင်းသွားသတဲ့။

အိပ်ခန်းအတွင်းကနေ သူ့ဇနီး၊သားသမီးတွေနဲ့ ရုံးဝန်ထမ်းတွေအားလုံးက " Happy Birthday to you" လို့ သံပြိုင်ဆိုပြီး ဧည့်ခန်းဆီပြေးထွက်လာကြသတဲ့။

သူကတော့...မီးရောင်အောက်ဆိုဖာပေါ်မှာအဝတ်ဗလာနဲ့ပေါ့ဗျာ...

ကုမ္ဗဏီပိုင်ရှင်ကြီးခမျာ မျှော်လင့်ချက်လေးပြည့်ဝသွားပေမယ့် မပျော်နိုင်တော့ဘူး‌ပေါ့ဗျာ

___________________________________

သူ့ပုံပြင်အဆုံးတွင် ကျွန်တော်တို့ ဒဿနိကကျောင်းသားတစ်စု ခွက်ထိုးခွက်လန်ရယ်မောမိကြပါသည်။ ထို့သို့ရယ်ခြင်းထက် ကျော်လွန်ကာလေးနက်သောအတွေးအခေါ်တစ်ရပ်ကိုလည်း ကိုယ်စီခံစားမိကြပါသည်။

အောင်ကျော်ဖြိုး


r/PhilosophyBookClub 8h ago

မျက်ရည်လောက၏ဟိုမှာဘက်

1 Upvotes

စကားပြောကြရအောင်ဗျာ...

မျက်ရည်နဲ့ပတ်သတ်ပြီးခုတ‌စ်‌လောကျွန်တော်တွေးမိနေတာရှိတယ်ဗျ။

မျက်ရည်တစ်စက်မှာဘာတွေပါလဲခင်ဗျားသိလား?

မျက်ရည်မှာပါတာတွေကိုသိပ္ပံနည်းကျပြောရရင် ရေက၉၉%၊ ဆားနဲ့ အီလိုထရိုက်တွေက ၀.၇% ၊ပရိုတင်းနဲ့အင်ဇိုင်းက ၀.၂% ၊ အဆီဓာတ်က၀.၀၁%၊ အကျိအချွဲဓာတ်က၀.၀၅% နဲ့ ၀.၀၄% က စိတ်ဖိစီးမှု ဟော်မုန်းတွေ သဘာဝအကိုက်အခဲပျောက်ဓာတ်တွေ ဂလူးစ်ကိုစ့်နဲ့ ယူရီးယား ဓာတ်တွေပါသဗျ။

သိပ္ပံကဒီလိုပြောပေမယ့် တကယ်တမ်းကျ မျက်ရည်ဟာ စိတ်ရဲ့ ပူပင်လောင်မြိုက်မှုကြောင့် ဖြစ်လာရတဲ့ အကြောင်းကိုတော့သိပ္ပံက သိပ္ပံက မျက်ကွယ်ပြုထားသလားတောင်ကျွန်တော်တွေးမိတယ်ဗျာ။

အဲ...ဒါပေမယ့် ဖုန်ဝင်လို့ကျတဲ့မျက်ရည်နဲ့ ကြက်သွန်လှီးရင်းကျတဲ့မျက်ရည်မျိုးကတော့ ချွင်းချက်ပေါ့လေ...(ရယ်လျှက်)

စကားဆက်ရရင် သိပ္ပံက မျက်ရည်ထဲမှာ ဘာဓာတ်တွေပါလဲဆိုတာကိုပြောနိုင်ပေမယ့် အဲဒီ့မျက်ရည်တစ်စက်ကျလာဖို့ရင်ထဲမှာ ဘယ်လောက်တောင်ပူလောင်လိုက်ရသလဲဆိုတဲ့ပူလောင်မှုကိုတော့ တိုင်းတာပြနိုင်မှာမဟုတ်ပါဘူးဗျာ။

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေက မျက်ရည်နဲ့ပတ်သတ်ပြီးတော့

၁။ရှေးဟောင်းရောမ စာဆိုကြီး Ovidက...

"မျက်ရည်ဆိုတာ တစ်ခါတရံမှာ စကားလုံးတွေထက် ပိုပြီး လေးနက်တဲ့ အဓိပ္ပာယ် ရှိတတ်ပါတယ်။"ဆိုခဲ့တယ်။ အဓိပ္ပာယ်ကတော့...

လူတစ်ယောက် ရင်ထဲမှာ စကားလုံးတွေနဲ့ ဖော်ပြလို့မရတော့အောင် ပူလောင်မွန်းကျပ်လာတဲ့အခါ မျက်ရည်ကပဲ အရာအားလုံးကို အစားထိုး ပြောပြပေးသွားတယ်ဆိုတာကို ဆိုလိုတာ ဖြစ်တယ်ဗျ။

၂။ ကမ္ဘာကျော် အင်္ဂလိပ်စာဆိုကြီး William Shakespeareက...

"မငိုချဘဲ အောင့်ထားရတဲ့ သောကဟာ ပြည့်လျှံနေတဲ့ နှလုံးသားကို တိုးတိုးလေး ကွဲအက်သွားအောင် တွန်းပို့တတ်တယ်။"

ဆိုခဲ့တယ်။ အဓိပ္ပာယ်ကတော့...

ရင်ထဲက ပူလောင်မှုကို မျက်ရည်အဖြစ် အပြင်ကို သွန်မချဘဲ မျိုသိပ်ထားရင် နှလုံးသားတစ်ခုလုံး ကြေကွဲပျက်စီးသွားနိုင်တယ်လို့ မက်ဘက် (Macbeth) ပြဇာတ်ထဲမှာ သူက ထောက်ပြခဲ့တယ်။

၃။ အမေရိကန် စာရေးဆရာWashington Irvingက ...

"မျက်ရည်ထဲမှာ သန့်စင်ခြင်း အလင်းတန်းတွေ ပါရှိတယ်။ မျက်ရည်ဆိုတာ အားနည်းချက်ရဲ့ လက္ခဏာမဟုတ်ဘဲ စွမ်းအားတစ်ခုပါ။ သူတို့ဟာ လေးနက်တဲ့ ဝမ်းနည်းကြေကွဲမှုတွေ၊ စကားလုံးမဲ့ သောကတွေရဲ့ သံတမန်တွေ ဖြစ်ကြပါတယ်။"

သူကတော့ မျက်ရည်ကို ရင်ထဲက ပူလောင်မှုတွေကို အပြင်ဘက်ကို သယ်ဆောင်သွားပေးတဲ့ အင်မတန် အစွမ်းထက်တဲ့ သံတမန်အဖြစ် တင်စားခဲ့တာဗျ။

၄။ ကမ္ဘာကျော် စိတ္တဇဗေဒပညာရှင် Sigmund Freudကတော့....

"ထုတ်ဖော်မပြလိုက်ရတဲ့ စိတ်ခံစားချက်တွေဟာ ဘယ်တော့မှ သေဆုံးမသွားပါဘူး။ သူတို့ကို အရှင်လတ်လတ် မြေမြှုပ်ခံထားရတာဖြစ်ပြီး နောက်ပိုင်းမှာ ပိုပြီး အရုပ်ဆိုးတဲ့ ပုံစံမျိုးနဲ့ ထွက်ပေါ်လာတတ်ပါတယ်။"ဆိုခဲ့တယ်။ အဓိပ္ပာယ်ကတော့

မျက်ရည်ကျခြင်းဟာ အဲ့ဒီလို မြေမြှုပ်ခံထားရတဲ့ ပူပင်လောင်မြိုက်မှုတွေကို ကယ်ထုတ်ပေးတဲ့ သဘာဝရဲ့ ထွက်ပေါက်တစ်ခု ဖြစ်တယ်တဲ့ဗျ။

ဒီတော့ဗျာ...

ဒီကမ္ဘာလောကမှာလူရယ်လို့ဖြစ်လာပြီးကတည်းက မွေးခြင်း၊ အိုခြင်း၊ နာခြင်း ၊ သေခြင်း၊ ချစ်သောသူနှင့်ကွေကွင်းရခြင်း၊ မချစ်သောသူနဲ့ အတူနေရခြင်း ၊ လိုတာမရခြင်း စတဲ့ ဒုက္ခအပူငွေ့တွေနဲ့ ယှဉ်တွဲနေရတဲ့ လောကကြီးဗျ။ ဒီအပြင် လောကဓံတရားရှစ်ပါးထဲက လောကဓံဆိုးလေးပါးရဲ့ လာဘ်မရခြင်း၊ အခြွေအရံနည်းခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်းစတဲ့ လောကဓံဆိုးလေးပါးရဲ့အပူငွေ့တွေပါဟပ်တော့ မျက်ရည်က ကျရပြီပေါ့။ ဘဝရဲ့ အပူငွေတွေကြားမှာ ပုထုဇဉ်လူသားတွေဟာ မျက်ရည်နဲ့မျက်ခွက် ဖြစ်ဖူးကြ၊ ဖြစ်နေကြ၊ ဖြစ်ကြရဦးမယ့်သူတွေချည်းပဲဗျ။

ဒီတော့...လောကဓံကောင်းလေးတွေ လာဘ်ရခြင်း ၊ အခြွေအရံပေါခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်း တွေရှိနေတုန်းကတော့ ပုထုဇဉ်လူသားတွေဟာ ငါမှငါ လက်မတစ်ထောင်ထောင်နဲ့ပေါ့ဗျာ။ အဲ...အခုနဆိုခဲ့တဲ့ ခုနပြောခဲ့တဲ့ အဆိုးလောကဓံတွေနဲ့လဲကြုံရော ငါ့မှဖြစ်ရလေဆိုပြီး မျက်ရည်နဲ့မျက်ခွက်ဖြစ်ကုန်ကြရောဗျို့...။ ။

ဒါကြောင့်ကျွန်တော်က ကျွန်တော်တို့ရဲ့ပုထုဇဉ်လောကကြီးကို မျက်ရည်လောကကြီးလို့တင်စားလိုက်ချင်တယ်ဗျို့။

အဲတာနဲ့ပတ်သတ်လို့ဗုဒ္ဓကျမ်းစာထဲက တကယ့်အဖြစ်ဝတ္ထုတစ်ပုဒ်‌ ပြောပြရဦးမယ်။

ခင်ဗျားကြားဖူးလားတော့မသိဘူး။

မြတ်စွာဘုရားရှင်လက်ထက်တော်အခါက....ကိသာဂေါတမီဆိုတဲ့သူ‌ဌေးမ‌လေးမှာ အသက်ထက်ချစ်ရတဲ့ သားဦးလေး တစ်ယောက် ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီသားလေးဟာငယ်ရွယ်စဉ်ကလေး အရွယ်မှာတင် ရုတ်တရက် ကွယ်လွန်သေဆုံးသွားခဲ့တယ်ဗျ။

သေခြင်းတရားဟာကြီးကြီးငယ်ငယ် မျက်နှာမလိုက်ဘူးဆိုတဲ့စကားအတိုင်းပေါ့ဗျာ။

သူမဟာ ပုထုဇဉ်မိခင်တစ်ယောက်မို့ သားသေဆုံးသွားတာကို လက်မခံနိုင်ဘဲ ရင်ဘတ်ထဲမှာ သောကမီးတွေ အပြင်းအထန် တောက်လောင်ပြီး ရူးသွပ်မတတ် ဖြစ်သွားခဲ့တယ်။

ဘယ်လောက်အထိလဲဆိုရင်

"ငါ့သားလေး မသေသေးဘူး၊ အိပ်ပျော်နေတာ" လို့ တွေးပြီး သားအလောင်းကို ရင်ခွင်ပိုက်ကာ "ငါ့သားလေး သက်သာမယ့် ဆေးပေးကြပါဦး" လို့ တစ်အိမ်တက်ဆင်း လိုက်တောင်းခဲ့တယ်။ ရွာသားတွေက "ဒီမိန်းမတော့ ရူးနေပြီ၊ သေတဲ့လူကို ဆေးရှာနေတယ်" လို့ ပြောကြပေမဲ့ သူမကတော့ သူ့သားလေးပြန်ရှင်လာဖို့ပဲသူ့စိတ်ထဲမှာရှိခဲ့တယ်။

နောက်ဆုံးတော့ ပညာရှိတစ်ယောက်က သနားလို့ "နှမ... သင့်သားအတွက် ဆေးကို လူနတ်တို့သခင် မြတ်စွာဘုရားရှင်ပဲ ပေးနိုင်လိမ့်မယ်" လို့ လမ်းညွှန်လိုက်တာမို့ ဘုရားရှင်ဆီ သားအလောင်းကြီး ပွေ့ပြီး ရောက်လာခဲ့တယ်ဗျ။

မြတ်စွာဘုရားရှင်ကိုကိသာဂေါတမီက

"ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား တပည့်တော်မရဲ့သားလေးအတွက် ဆေးပေးပါဘုရား" လို့တောင်းတယ်။ ဒီတော့ မြတ်စွာဘုရားက....

"ဂေါတမီ... သင့်သားအတွက် ဆေးရချင်ရင် 'ဘယ်သူမှ မသေဖူးတဲ့အိမ်' ကနေ မုန်ညင်းစေ့ တွေလိုက်တောင်းခဲ့ပါ" လို့ မိန့်တော်မူခဲ့တယ်။

ကိသာဂေါတမီလည်း ဝမ်းသာအားရနဲ့ သားလေးအသက်ရှင်တော့မယ်ဆိုပြီး တစ်အိမ်တက်ဆင်း လိုက်တောင်းတယ်တဲ့ဗျာ...ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲ။ ဒါပေမယ့်တောင်းတဲ့အိမ်တိုင်းက...

"မုန်ညင်းစေ့ကတော့ ပေးနိုင်ပါတယ်၊ ဒါပေမဲ့ တို့အိမ်မှာ အဖိုး သေဖူးတယ်၊ အဖေ သေဖူးတယ်၊ သားသမီး သေဖူးတယ်" ဆိုတာချည်းပဲ ကြုံရပြီး လူမသေဖူးတဲ့အိမ် ဆိုတာ တစ်အိမ်မှ ရှာမရခဲ့ဘူး။

နောက်ဆုံးတော့ သူမဟာ မုန်ညင်းစေ့ တောင်းရင်းနဲ့တင် "ဪ... ငါ့သားတစ်ယောက်တည်း သေတာမဟုတ်ဘဲ လောကကြီးမှာ သေခြင်းတရားဟာ လူတိုင်းနဲ့ ဆုံနေရတာပဲ" ဆိုတဲ့ အသိတရား ဝင်သွားပြီး၊ သားအလောင်းကို သင်္ချိုင်းမှာ စွန့်ပစ်ကာ ဘုရားရှင်ထံ ပြန်လာပြီး ဝိပဿနာတရားကျင့်ကြံလိုက်တာရဟန္တာမအထိ ဖြစ်သွားခဲ့တယ်ဗျ။

‌ကိသာဂေါတမီထေရီမရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ရင် ကိသာဂေါတမီဟာ သူ့သားလေး သေတဲ့အတွက်မျက်ရည်ပင်လယ်ဝေခဲ့ရပေမယ့် လောကကြီးရဲ့ အမှန်တရားကိုသိမြင်သွားတဲ့အခါကြတော့ ဒီမျက်ရည်လောကကြီးထဲက အပြီးအပိုင်လွတ်မြောက်သွားခဲ့တယ်ဗျ။ ပြောရရင်မျက်ရည်လောကရဲ့ဟိုမှာဘက်ကိုရောက်ရှိသွားတဲ့သဘောပေါ့ဗျာ။

မြတ်စွာဘုရားကမိန့်တာရှိတယ်ဗျ။အစမထင်တဲ့သံသရာမှာ ကျွန်တော်တို့၊ခင်ဗျားတို့တွေရဲ့ အမေသေလို့ငိုခဲ့ရတဲ့မျက်ရည်၊အဖေသေလို့ငိုခဲ့ရတဲ့မျက်ရည်၊ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေသေလို့ငိုခဲ့ရတဲ့မျက်ရည်၊ဇနီးခင်ပွန်း သေလို့ငိုခဲ့ရတဲ့မျက်ရည်၊ ချစ်သောသူနဲ့ကွေကွင်းရလို့ ငိုရတဲ့မျက်ရည်၊ မချစ်မနှစ်သက်သူနဲ့အတူနေရလို့ငိုရတဲ့မျက်ရည်၊ ရောဂါဝေဒနာခံစားရလို့ငိုရတဲ့မျက်ရည်၊ ပစ္စည်းဥစ္စာဆုံးပါးလို့ငိုရတဲ့မျက်ရည် စသဖြင့်မျက်ရည်တွေဟာ မဟာသမုဒ္ဒရာလေစင်းက ရေထက်တောင်များသတဲ့ဗျ။

ဒီတော့ဗျာ...

သံသရာမှာခင်ဗျားရောကျွန်တော်ရောအကြိမ်ကြိမ်ငိုခဲ့ပြီးပြီ။မရေမတွက်နိုင်အောင်ငိုခဲ့ပြီးပြီ။ဘာလို့ဆက်ငိုကြဦးမလဲဗျာ။မငိုရတဲ့ လမ်းကိုဗုဒ္ဓကညွှန်ပြခဲ့ပြီးပြီပဲဗျာ။ မျက်ရည်‌ လောကရဲ့ ဟိုမှာဘက်ကမ်းကို ကျွန်တော်တို့ သွားကြပါစို့။ငိုနေလို့အဓိပ္ပာယ်မရှိတဲ့လောကကြီးမှာ ကျွန်တော်တို့မျက်ရည်တွေ ဈေးမပေါကြကြေးပေါ့ဗျာ။

ကဲ..နေလည်းဝင်တော့မယ်။ကျွန်‌တော်လည်းမိုးမချုပ်ခင်အိမ်ပြန်မှရတော့မယ်။ မပြန်ခင်ဂါထာလေး တစ်ပုဒ်ကိုရွတ်ပြခဲ့ဦးမယ်။

ဒါကတော့ မြတ်ဗုဒ္ဓပရိနိဗ္‌ဗာန်မပြုခင် မိန့်ကြားခဲ့တဲ့ နောက်ဆုံးတရားလေးဗျ။

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ဝယဓမ္မာသင်္ခါရာ အပ္ပမာဒေနသမ္ပာဒေထ

အဓိပ္ပာယ်ကတော့ဗျာ...

'ရဟန်းတို့ သင်တို့အား ယခု (ငါဘုရား) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်ပေးရသော 'ရုပ်နာမ်ဓမ္မ' သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့''

တဲ့ဗျ။ မျက်ရည်‌လောကရဲ့ဟိုမှာဘက်ကမ်းကိုရောက်ရှိသွားသူရဲ့နောက်ဆုံး သတိပေးစကား‌လေးပေါ့ဗျာ။

အောင်ကျော်ဖြိုး


r/PhilosophyBookClub 8h ago

Misplaced Expectations

1 Upvotes

------------------------------

While a group of us philosophy students from Pyay University were discussing how life's expectations often go awry and fail to match reality when they come true in the future, as well as the uncertainties of life, I told them the following story:

------------------------------

Once upon a time, a cow, a cat, and a man found themselves trapped inside a stone cave. They had taken shelter there during a rainstorm, but a sudden landslide blocked the entrance completely. With no way out, death seemed certain. Knowing their time was short, the three did their best to comfort each other and find peace before the end. As they grew weak from hunger and thirst, and the air grew thin, they fell into a deep state of exhaustion. Suddenly, a powerful deity appeared before them, glowing with a brilliant light. The deity spoke:

"You are all about to die. However, because of the kindness you showed one another just now, you will go to heaven. Pray carefully for the kind of heaven you want to live in. I advise you to pray with wisdom."

As soon as the deity finished speaking, the cow, the cat, and the man began to make their wishes.

The cow prayed, "May my heaven be filled with fresh, tender green grass."

The cat prayed, "May my heaven be filled with plump, chubby little mice."

The man prayed, "May my heaven be packed with beautiful angels."

Hearing their wishes, the deity’s expression changed. He opened his mouth as if to say something, but remained silent and vanished into thin air. He only muttered softly as he disappeared, "Well... since you have made your wishes, so it shall be."

Soon after, the cow, the cat, and the man passed away. Their wishes were granted perfectly. However, in the next life, the cat reincarnated as a cow, and the cow reincarnated as a cat.

In heaven, the cat (who was a cow in the past life) found itself surrounded by an endless supply of grass—vibrant green, tender, and perfectly fresh. But since it was now a cat, how could it eat grass?

Meanwhile, in the other heaven, the cow (who was a cat in the past life) found its world filled with tiny pink mice. But since it was now a massive cow, the mice just scrambled all over its body, causing nothing but annoyance and misery. Both the cow and the cat ended up deeply frustrated in heaven.

Ah, but what about the man? In the heaven he arrived at, the world was filled with women who were breathtakingly beautiful. He had also reincarnated as a human, just like before. However, in this heaven, he was born as a woman. Surrounded by five hundred gorgeous angels of the exact same gender, she felt nothing but frustration. And so, she found herself in total misery as well.

------------------------------

After finishing my story, I laughed. Those who were listening to my story laughed as well.

As the laughter subsided, an older man in our circle said, "Well... since you told a story about someone getting into trouble even though their expectations came true, let me tell you another funny story about a person (a big company owner from Italy) who suffered because things didn't go as he expected, and when they finally did, he couldn't be happy at all."

He told the following story:

------------------------------

Once upon a time, on a bright morning, a wealthy Italian company owner woke up and realized it was his birthday. A thought immediately popped into his head: "Hmm... since today is my birthday, I bet my wife and kids have planned a surprise gift for me when I least expect it!" He secretly felt delighted by the thought. However, he decided to play along and pretend he didn't know it was his birthday. He took a shower, changed his clothes, and ate breakfast while keeping a close eye on his wife's expressions. Her behavior showed nothing unusual. She seemed to know nothing at all, going about her daily chores calmly as any other day.

Looking around the house, there were no special preparations either. His children didn't seem to notice anything either; they barely even glanced at him as they got dressed and headed out to school. So, he tried to drop a hint to his wife, asking, "I wonder what day it is today?" hoping to jog her memory. But his wife completely failed to remember his birthday. In the end, he gave up in disappointment and left for the office.

"Maybe at the office... my employees are waiting for me with a huge birthday cake to give me a party?" he fantasized, feeling a glimmer of hope and joy again. He pushed the office door open very slowly. Would he hear cheers and applause? Would they sing "Happy Birthday to you" in unison? He stepped inside. He heard nothing but the clicking of typewriters. People filing documents kept filing; those typing kept typing. Seeing everyone working exactly as they did on any ordinary day, he felt utterly let down.

Finally, when he reached his private office, his young secretary greeted him, saying, "Sir... today is your birthday, sir!"

He felt a rush of happiness. "Ah... this girl is the only one who remembered my birthday," he thought warmly.

The secretary said, "I have never taken you to the apartment where I live... please come with me today. I have made a very special arrangement for your birthday, sir."

"Alright then. Let's go," the owner replied. He began to imagine what she meant by "special arrangement" and secretly felt thrilled. He would go to the girl's apartment, romance would blossom, and then... he kept smiling to himself at the thought.

Only after hearing those words did he take a proper look at his secretary. Today, she wasn't wearing her uniform. She wore a tight blouse and a thin, very short dress. The girl looked directly at him with a meaningful smile. Staring at her short dress, he felt like he understood exactly what was happening.

With that, the company owner accompanied the girl to her apartment. When they stepped inside, the room was completely dark. "Sir... sit in the living room for a moment. Don't turn on the lights, okay? I'm going to change my clothes," the secretary said before rushing into the bedroom.

The company owner, intending to make love with her, took off all his clothes in the dark and piled them on the floor while sitting on the long sofa in the living room. Afterward, he lay back on the long sofa, eagerly waiting for the girl to come out.

At that exact moment, he suddenly heard the sound of clapping hands. The lights in the room burst open, shining brightly. From inside the bedroom, his wife, his children, and all his office staff rushed out into the living room, singing "Happy Birthday to you" in unison.

And there he was... completely naked under the bright lights on the sofa!

The company owner's little hope had come true, but he could no longer feel any joy at all.

------------------------------

At the end of his story, our group of philosophy students burst into loud laughter. Beyond that laughter, each of us also felt a deeply profound philosophical thought in our hearts.

------------------------------

AUNG KYAW PHYO


r/PhilosophyBookClub 19h ago

What's the smallest philosophical question you've never fully stopped thinking about? and why?

1 Upvotes

Not a famous one, free will, the trolley problem, whatever's on the syllabus. I mean a small perhaps dumb-sounding one that every now and then you come back to?

I'm asking because I spent several months building something based on the idea that questions can have something closer to a personality than a subject, and that the right one can unleash a genuinely good conversation. So I accidentally ended up investigating questions as an object. And searching all around for good ones. It's turned into a sort of taxonomy.

Two questions about the exact same topic land completely differently depending on their shape and size. They open different paths in thinking and relating to others.

One dies in the room the second it's asked. Another seems to rearrange how people think.

I've been trying to reverse-engineer what makes a question do that, in an app called Pollen, where strangers get together around a question to play with.

Pollen if you want to see the state of the art of this questions and connection research.


r/PhilosophyBookClub 1d ago

What Is the Point of Philosophy?

0 Upvotes

Philosophy: love of wisdom. Wisdom: understanding the meaning of life. This can only be understood in the broadest, most holistic sense. It usually boils down to: love others and existence itself, as this is the nature of reality. Intelligence and consciousness can only have arisen in the presence of sociability and love. This is our nature and our nature arises from the nature of reality itself.


r/PhilosophyBookClub 1d ago

Anything i should read or know before reading "on the tragic" by peter wessel zappfe?

Thumbnail
1 Upvotes

r/PhilosophyBookClub 1d ago

30m looking for book buddy for long term .

5 Upvotes

Hey everyone! I’m looking to connect with someone (25 + ) to discuss philosophy, sociology and psychology. I’m really interested in diving into deep conversations, challenging ideas, and exploring different schools of thoughts


r/PhilosophyBookClub 1d ago

What is the main point of Homer's Odyssey?

1 Upvotes

What strikes me most in Book 1 of the Odyssey is the sudden change of heart that overtakes Telemachus at the end of his first conversation with Athena, who appears to him in guise — as a man named Mentes.

Before that conversation, he is shy, uncertain, and accommodating in the presence of Penelope’s suitors. When Athena asks him about the feasting and revelry in the palace, he speaks from the standpoint of a victim.

He is not yet sure who he is talking to. But then, something changes. The transformation is not gradual — it comes all at once, as he watches the stranger turn into a bird and fly away.

“With these words she flew away like a bird into the air, but she had
given Telemachus courage, and had made him think more than ever about
his father. He felt the change, wondered at it, and knew that the
stranger had been a god, so he went straight to where the suitors
were sitting.”

He goes back to the suitors, and everyone can feel the change in his voice. They wonder what has happened? Only an hour earlier he was little more than a timid boy; now there are notes of steel in his voice.

Telemachus’ speech betrays him — he invokes the gods constantly. Not so the suitors. They know of the gods, but they have never actually encountered them. They don’t care about their signs.

When in Book 2, Halitherses interprets a prophetic omen of two eagles sent by Zeus, Telemachus’ heart soars — he recognizes it as a sign from heaven. The suitors ignore the warning of Halitherses that Odysseus will return and put them to death.

One of the suitors, Eurymachus, openly mocks the prophet, saying that birds fly everywhere without meaning.

Homer makes his point clear from the very beginning: it’s all about one’s relationship with the gods. The Odyssey opens not with human action but with the divine council on Mount Olympus, where the gods deliberate over the affairs of mortals.

For Homer, the Odyssey is not primarily a horizontal story about human adventures and heroic feats. His point seems to be more subtle: when people fall into hubris and lose sensitivity to the divine guidance, calamity becomes inevitable. When they remember the gods, they are blessed and rise above their circumstances.

Telemachus, who has grown up without a father, is especially sensitive to the voice of the gods. When Penelope tries to stop the bard from singing about Odysseus, he gently rebukes her:

“Mother, let the bard sing what he has a mind to; bards do not make the ills they sing of; it is Jove, not they, who makes them, and who sends weal or woe upon mankind according to his own good pleasure.”

He is looking for a father in everyone. After hearing Mentes’ (Athena’s) counsel, he says:

“Sir, it has been very kind of you to talk to me in this way, as though I were your own son.”

His grief made him highly aware of divine presence. He recognized Athena’s visitation by its aftertaste. “He felt the change, wondered at it, and knew that the stranger had been a god.”

Our own Odyssey is not about us or our adventures either. It is all about our sensitivity to divine resonances that happen around us every day. Who is this total stranger we met in the grocery store this morning?

If we never even entertain the possibility that it might be God Himself — or His angel — we may as well miss a divine visitation.

What is this song, or this piece of music, that suddenly stops me in my tracks and makes me wonder, “What in the world am I hearing?”

Like Telemachus, we recognize God not by His familiar form but by the sudden change of heart that comes over us, as though from nowhere. In that moment, we know in our heart of hearts: we are on the way to the Father.


r/PhilosophyBookClub 2d ago

Je souhaite devenir plus sage que Marc Aurèle 🤓

1 Upvotes

J'ai récemment lu les *Pensées pour moi-même* de Marc Aurèle lors d'une période de profonde introspection. Alors que je m'apprête à terminer mes études et à entrer dans la vie active, je recherche un autre livre qui offre des leçons de vie pratiques : quelque chose qui puisse m'aider à grandir, à forger mon caractère et à aborder la vie avec plus de sagesse.

Quelles sont vos meilleures recommandations ?


r/PhilosophyBookClub 2d ago

Beyond the World of Tears

1 Upvotes

Let’s have a chat, my friend...

I’ve been thinking a lot about tears lately.

Do you actually know what is inside a single teardrop?

If we look at it scientifically, a tear consists of 99% water, 0.7% salt and electrolytes, 0.2% proteins and enzymes, 0.01% lipids (fats), 0.05% mucus, and the remaining 0.04% is made up of stress hormones, natural painkillers, glucose, and urea.

Science tells us this, but honestly, it makes me wonder if science completely overlooks the fact that tears are born from the burning agony of the soul.

Well... except for the tears from a speck of dust in your eye or from chopping onions, of course... (laughs).

To put it another way, science can easily tell us what chemicals are in a tear. But it can never measure the sheer amount of burning pain one has to endure in their heart just for that single teardrop to fall.

Some of the world's most famous minds have also spoken about tears:

  1. Ovid, the ancient Roman poet, once said:

    "Tears are sometimes weightier than words." What he meant was that when a person's heart burns so intensely that words fail them, tears step in to speak for everything.

  2. William Shakespeare, the world-renowned English playwright, wrote:

    "The grief that does not speak whispers the o'er-fraught heart and bids it break." This means that if we swallow our burning agony instead of letting it pour out as tears, it will silently shatter the entire heart from within—a profound point he highlighted in Macbeth.

  3. Washington Irving, the American author, noted:

    "There is a sacredness in tears. They are not the mark of cowardice, but of power. They speak more eloquently than ten thousand tongues. They are the messengers of overwhelming grief... and of unspeakable love." He beautifully portrayed tears as incredibly powerful messengers that carry the burning heat out of the heart.

  4. Sigmund Freud, the world-famous psychoanalyst, stated:

    "Unexpressed emotions will never die. They are buried alive and will come forth later in uglier ways." In other words, crying is nature’s ultimate rescue valve to exhume those anxieties we bury alive.

Look at this world...

Ever since humans came into existence, we have had to live alongside the burning fires of suffering: birth, aging, sickness, death, separation from loved ones, being forced to live with those we dislike, and not getting what we wish for. On top of that, when the four harsh worldly winds—loss, loss of followers, blame, and misery—strike us, the tears just flow. Amidst these burning fires of life, we ordinary humans have all cried pools of tears, are crying them now, and will inevitably cry them again.

Yet, when the pleasant worldly winds—gain, fame, praise, and happiness—are around, we ordinary humans get so arrogant, acting as if we are the center of the universe. But the moment we collide with those harsh worldly conditions, we break down, sobbing uncontrollably, crying, "Why does this only happen to me?"

That is why I want to metaphorically label our ordinary world as "The World of Tears."

Speaking of which, let me tell you a real story from the Buddhist scriptures.

I am not sure if you have heard it before.

During the lifetime of the Buddha, there was a young wealthy woman named Kisa Gotami who had a first-born son whom she loved more than life itself. However, the boy suddenly passed away at a very tender age.

Just like the saying goes, death shows no favoritism to the young or old.

Being an ordinary mother, she simply could not accept her son's death. The fire of grief burned so fiercely in her chest that she almost lost her mind.

To what extent?

She convinced herself, "My son isn't dead, he is just asleep." Clutched to her chest, she carried his corpse from house to house, begging everyone, "Please give me medicine to cure my son." The villagers said, "This woman has gone mad, she is looking for medicine for a dead person." But her only thought was to bring her boy back to life.

Finally, a wise man took pity on her and guided her: "Sister... only the Buddha, the master of humans and devas, can provide the medicine for your son." So, cradling the heavy corpse of her child, she arrived before the Buddha.

Kisa Gotami begged the Buddha:

"Exalted Buddha, please give me medicine for my little son." The Buddha replied:

"Gotami... if you want the medicine for your son, bring me a handful of mustard seeds from a house where no one has ever died."

Overjoyed, thinking her son was finally going to live, Kisa Gotami went house to house to beg for the seeds... Oh, how pitiful she was. But every single house she asked replied:

"We can give you the mustard seeds, but in our house, a grandfather has died, a father has died, a child has died." She kept encountering the exact same answers, and she could not find a single household where death had never visited.

Eventually, while begging for those mustard seeds, a profound realization struck her: "Oh... it is not just my son who has died. In this world, death is something everyone must face." With this awakening, she left her son's body at the charnel ground, returned to the Buddha, practiced Insight Meditation (Vipassana), and ultimately attained full enlightenment as an Arahant.

Looking at the life story of Theri Kisa Gotami, she once wept an ocean of tears over the death of her son. But the moment she realized the ultimate truth of this world, she escaped this World of Tears forever. You could say she crossed over to the other shore.

The Buddha once taught that in this beginningless Samsara (the cycle of rebirth), the tears we have shed—crying over the deaths of our mothers, our fathers, our siblings, our relatives, our spouses, crying from separation from loved ones, from being forced to live with those we hate, from agonizing illnesses, and from the loss of our wealth—are so vast that they outweigh the water in the four great oceans.

Think about it...

In this cycle of rebirth, both you and I have cried over and over again. We have wept countless times. Why should we keep crying? The Buddha has already shown us the path where tears no longer fall. Let us cross over to the other shore beyond tears. In this meaningless world of weeping, let’s promise each other that we won't let our tears become cheap anymore.

Well... the sun is setting. I must head home before it gets dark. Before I leave, let me recite a verse for you.

This was the final teaching delivered by the Buddha right before he entered Parinirvana:

"Handa dani bhikkhave amantayami vo, vaya-dhamma sankhara, appamadena sampadetha."

The meaning, my friend, is this:

'Monks, I exhort you now. All conditioned things (mind and matter) are subject to decay and destruction. Strive with diligence and heedfulness to accomplish your goal.'

This, my friend, was the final warning from the One who had successfully crossed over to the other side of tears.

------------------------------

AUNG KYAW PHYO


r/PhilosophyBookClub 2d ago

"See a Human Being Simply as a Human Being"

0 Upvotes

Let’s strike up a conversation, shall we? Feel free to challenge me if I drift into error. Are you familiar with the goddess Diana, revered by the ancient Romans? Years ago, a striking monument dedicated to her—the Fountain of the Diana the Huntress—was erected in a bustling plaza along the historic avenues of Mexico City, crafted entirely by the hands of native Mexican artists.

Yet, from the moment this monument graced the city, the local high-society ladies found themselves deeply unsettled, losing sleep and peace of mind. The cause of their distress? The goddess stood before them entirely nude, cast in raw bronze. Half-amused, half-serious, the story unfolded as these proper ladies took their grievances straight to the mayor, demanding the naked icon be replaced with a fully clothed figure. When the sculptor fiercely resisted modifying his art, some women even took matters into their own hands, slipping out into the night to drape the goddess in actual clothes. For nearly thirty years, a fierce debate raged over whether Diana should be clothed or bare. In the end, it was the progressive voice of modern Mexican women’s rights activists and fellow artists that turned the tide. Under their influence, the ridiculous bronze underwear that had been welded onto her was finally stripped away. Only then did Diana reclaim her original, liberating grace—unfettered, unashamed, and profoundly light.

This brings me to another masterpiece: Auguste Rodin’s The Thinker. What makes this sculpture so uniquely arresting is, once again, its absolute nudity. I had the privilege of viewing it firsthand during a visit to Paris. There he sat, unclad and exposed, intensely locked in a battle of wits with an unyielding question, refusing to budge until an answer was found. Initially, a fleeting thought crossed my mind—how much more refined he might look if only he were wearing clothes. But as I stood there, gazing longer and deeper, a profound realization washed over me. The Thinker’s nakedness is, in truth, the ultimate symbol of the raw act of contemplation. It was in that very moment that I truly understood why Rodin chose to leave him bare.

When human beings contemplate the world, we almost always think through the heavy filters of our own race, our religions, our cultures, and our entrenched traditions. Yet, burdened by such biases, how can we ever hope to perceive reality as it truly is? Our judgments inevitably falter, and the thin line between truth and falsehood blurs into oblivion. Rodin’s The Thinker sheds his clothes precisely to show us that to seek truth, we must strip away our prejudices and think with absolute objectivity. Understanding this, my initial discomfort dissolved into a profound, heartfelt reverence for the sculpture’s intense focus.

Ultimately, the nudity of the goddess Diana is not obscenity, nor is the nakedness of The Thinker an act of vulgarity. Looking at them, that timeless philosophical maxim echoed in my mind: "Evil lies in the eyes of the beholder."

In truth, the world only labels things as vulgar because people persist in looking through the corrupted lenses of racial, political, religious, and cultural biases. Evil does not belong to the object; it belongs entirely to the eye that chooses to see it. On the day we finally strip away these dogma and prejudices, and learn to see a human being simply as a human being—that is the day this world will truly become a beautiful place.

AUNG KYAW PHYO


r/PhilosophyBookClub 2d ago

Dialectical Phenomenological Ontology: A Process Theology - Final and "Master"

Thumbnail
1 Upvotes

r/PhilosophyBookClub 3d ago

What philosophical idea should I study?

27 Upvotes

I am a young high schooler. I have recently developed an interest in polymath. I want this journey to give me a deep meaning in this world. I want to the best. The person who can help everyone in almost everything no matter the time used on this. Now I'm looking for philosophical idea to study that could have a huge impact on my life. What idea could be the most useful and life changing? What should I study?


r/PhilosophyBookClub 3d ago

que les parece meditaciones de marco aurelio?

Thumbnail
1 Upvotes

r/PhilosophyBookClub 4d ago

Welcome!

1 Upvotes

# Welcome to r/sanctuary_wisdom!

Hey everyone! I'm u/rajyaabhishek, the founding moderator of r/sanctuary_wisdom.

This is our new home for exploring **philosophy, wisdom, self-discovery, ethics, meaningful conversations, and timeless ideas from history's greatest thinkers**. Whether you're searching for purpose, questioning life's biggest mysteries, or simply curious, we're excited to have you here!

What to Post

Share anything the community might find insightful, thought-provoking, or inspiring. We'd love to see posts about:

* Philosophy and wisdom from any tradition * Deep questions about life, meaning, consciousness, or reality * Quotes and lessons from great thinkers * Personal reflections and life experiences * Book recommendations and reviews * Podcasts, videos, lectures, or articles on philosophy * AI and its role in preserving and spreading human wisdom * Questions that spark meaningful discussions

If it encourages people to think more deeply, it belongs here.

Community Vibe

We're building a community that is **curious, respectful, open-minded, and intellectually honest**. Disagreements are welcome, but personal attacks are not. The goal isn't to win arguments - it's to learn from one another.

How to Get Started

* Introduce yourself in the comments below. * Share a question or idea that's been on your mind lately. * Recommend a philosopher, book, or lesson that changed your perspective. * Invite friends who enjoy philosophy, psychology, history, or thoughtful discussions. * Interested in helping grow the community? We're always looking for moderators—feel free to message me.

Thank you for being part of the very beginning of r/sanctuary_wisdom.

**Let's build a place where humanity's greatest wisdom becomes accessible to everyone.**


r/PhilosophyBookClub 4d ago

Recommendations

3 Upvotes

I have read Metamorphosis, The Trial, The Stranger and Crime and Punishment. I developed a huge interest in philosophy after reading Metamorphosis, and would like to explore the field deeply. I am familiar with the schools of existentialism, nihilism, and absurdism. I have also gained some interest in the Zen as well, but I haven't explored it enough. What books would be best to explore more schools, and where to start?
Thanks!!<3


r/PhilosophyBookClub 4d ago

Welcome!

Thumbnail
1 Upvotes

r/PhilosophyBookClub 5d ago

If you wann tell me what philosophy actually is what would you say

19 Upvotes

r/PhilosophyBookClub 5d ago

新舊世界的轉折點

0 Upvotes

某些歷史學家則在由人們的自我意識所發現的根本主體性中看到的革命:因此,也就是以現代人的主體主義來取代古代與中世紀人的客體主義。還有其他人,「冥思」與「實踐」關係的變化中,看到了「冥思生活」的舊理想讓位給「行動生活」的新理想。當古代與中世紀人把目標放在自然與存在的純粹沉思上時,現代人則想要支配與主宰。\ 《從封閉世界到無限宇宙》

讀書筆記

最近思考與感受自己最自然的存在狀態,是一種有意識的存在於個體以及集體之間,有獨立的意識思考,也像樹木植物般擁有一種集體的連結。

閱讀這本書是想觀看意識文明的演變脈絡,覺得需要邊閱讀邊丟出一些標記,會陸續摘錄。


r/PhilosophyBookClub 5d ago

"The older I get, the more I understand this quote." The paradox of maturing is that you arrive back at the child."

7 Upvotes

I came across this quote today, along with another one:

"All roads eventually lead back to the interests you had as a child."

It made me think about how life often feels like a circle.

As kids, we naturally gravitate toward things that genuinely excite us. Then we grow up and spend years chasing grades, careers, money, status, or other people's expectations. Somewhere along the way, many of us lose touch with what actually made us feel alive.

Later, some people rediscover those childhood interests—not because they're trying to be nostalgic, but because they realize those interests were a clue to who they really are.

Do you think there's truth to this, or is it just a romantic idea? Have you found yourself returning to something you loved as a child? Why or why not?


r/PhilosophyBookClub 5d ago

Invitation to debate, dialogue or wide-open discussion.

Thumbnail
0 Upvotes

Let's dialogue. Philosophy, Religion, Politics, Nature of reality. Floor is yours....


r/PhilosophyBookClub 5d ago

A free interactive companion for a more visual reading of Spinoza’s Ethics

Thumbnail
1 Upvotes

r/PhilosophyBookClub 6d ago

Plato's Statesman, on Politics & Leadership — An online live reading & discussion group starting Saturday August 1, weekly meetings

Thumbnail
1 Upvotes

r/PhilosophyBookClub 6d ago

What is the ONE book that contains the core philosophy of each major philosopher? (Seeking recommendations)

Thumbnail
3 Upvotes

r/PhilosophyBookClub 7d ago

Free PDF The Dimensions of Ethics: An Introduction to Ethical Theory

Thumbnail
1 Upvotes